You are on page 1of 8

မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်း အကျဉ်း

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


ကိုလိုနီခေတ်ကျောင်းသားလှုပ်ရှားမှု

မြန်မာနိုင်ငံတဝှမ်းလုံးအား ကိုလိုနီနယ်ချဲ့သမားက သိမ်းပိုက်လိုက်ပြီးနောက် ကြွင်းကျန်သော


ပဒေသရာဇ်မင်းများနှင့် ပြည်သူလူထုများ သည် သူတလူငါတမင်းဖြင့် အဆက်အစပ်မရှိဘဲ
ပဒေသရာဇ်အယူအဆများဖြင့် နယ်ချဲ့သမားများအား ခုခံတော်လှန်တိုက်ပွဲ ဝင်ခဲ့ကြ သည်။

သို့သော် ၁၉ ရာစုနှစ်ဆန်းပိုင်းမှစ၍ လူထုလက္ခဏာဆောင်သော


နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများဖြင့် ခေတ်သစ်လွတ်လပ်ရေး တိုက်ပ၏
ွဲ သမိုင်းသစ်ကို
စတင်ဖော်ဆောင်လာခဲ့သည်။ ကိုလိုနီခေတ်တင
ွ် ၁၉၂၀
ရန်ကုန်တက္ကသိုလ်ကျောင်းသာများသပိတ်၊ ၁၉၃၅ - ၃၆ ရန်ကုန်တက္ကသိုလ်
ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ ခုတင
ွ် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊
ရဟန်းရှင်လူ ပြည်သူလူထုများ ပါဝင်သည့် ၁၃၀၀ ပြည့်အရေးတော်ပုံများ ပေါ်ပေါက်ခဲ့သည်။

၁၉၂၀ ခု ပထမအကြိမ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်သည် တနိုင်ငံလုံး၏


နယ်ချဲ့ဆန့်ကျင်ရေး၊ လုံးဝအမျိုးသားလွတ်မြောက် ရေးကို စတင်လှုံ့ဆော်ခဲ့သည်။
ကိုလိုနီခေတ်တင
ွ်ပေါ်ပေါက်ခဲ့သော G.C.B.A လှုပ်ရှားမှု (ဝံသာနုအရေးတော်ပ)ုံ ၊ ၁၉၃၁
ဆရာစံလှုပ်ရှားမှု (ဝါ) လယ်သမားသူပုန်၊ ၁၉၃၈ ရေနံမြေသပိတ် (ဝါ) ၁၃၀၀
ပြည့်အရေးတော်ပုံများနှင့် ကျောင်းသားလှုပ်ရှားမှုများသည် တသားတည်းရှိခဲ့ သည်။

ထိုကဲ့သို့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလအတွင်းမှာပင်


တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) သည် ပေါ်ပေါက်လာခဲ့ရသည်။ သမဂ္ဂကို

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


အောက်ပါရည်ရွယ်ချက်များဖြင့်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
(၁) လူမှုဆက်ဆံရေးနယ်ပယ်၌ အစုအပေါင်းဖြင့် ကောင်းစွာဆောင်ရွက်နိုင်သော
ဘဝကိုဖြစ်ထွန်းလာစေရန်၊
(၂) မိမိကိုယ်မိမိအားကိုး၍ လွတ်လပ်စွာဆောင်ရွက်နိုင်သောဘဝကို ဖြစ်ထွန်းလာစေရန်၊
(၃) တာဝန်ဝတ္တရားများကို သိတတ်သော စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်ဖြစ်သည်။

ထို့ကြောင့် သမဂ္ဂတခုသည် လွတ်လပ်စွာတွေးတော ကြံ ဆခြင်းနှင့်


လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းအတွက် ရပ်တည်နေခြင်းပင် ဖြစ်သည်။ ၁၉၂၆ ခုနှစ်တင
ွ်
သူဌေးဒေါက်တာဦးညိုက သမဂ္ဂဖွဲ့စည်းတည်ထောင်ရန်အတွက် ငွေသား ၁၇၀၀၀၀
(တသိန်းခုနှစ်သောင်း) လှူဒါန်းခဲ့သည်။ ၁၉၃၀ စက်တင်ဘာလ ၁၂ ရက်နေ့တင
ွ်
အဆောင်ကျောင်းသားများ၊ နေ့ကျောင်းသားများ စုဝေးညှိနှိုင်းကြပြီး ကိုကျော် ခင်၊ ကိုတင့်ဆွေ၊
ကိုဘဂျမ်းတို့က တရားသူကြီးဦးဘနှင့်တွေ့ဆုံပြီး သမဂ္ဂ စည်းမျဉ်းရေးဆွရ
ဲ န် ကော်မတီတခုကို
ဖွဲ့စည်းခွင့်ရခဲ့ပေသည်။

စက်တင်ဘာ (၂၀) ရက်နေ့တင


ွ် ကျောင်းသားထုအစည်းအဝေးမှ
“တက္ကသိုလ်ကျောင်းသားသမဂ္ဂ” တခုဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းနောက် အောက်တိုဘာ
ကျောင်းပိတ်ရက်အတွင်း သမဂ္ဂစည်းမျဉ်းများကို ရေးဆွဲကြသည်။ နိုဝင်ဘာလဆန်းတွင်
ရေးဆွဲပြီးစီးပြီး နိုဝင်ဘာ (၂၄) ရက်နေ့တင
ွ် လက်မှတ်ရေးထိုး၍ ကျောင်းသားထုထံချပြကာ
ကျောင်းသားထုထံတောင်းခံခဲ့သည်။

၁၉၃၁ ခု၊ ဇန်နဝါရီလတွင် ကျောင်းသားထုစည်းဝေးပွဲကြီးမှ တညီတညွတ်တည်း


သဘောတူဆုံးဖြတ်ကြပြီး အမှုဆောင် (၉) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြသည်။
ယင်းအမှုဆောင်အဖွဲ့သည် သမဂ္ဂအဆောက်အဦကိစ္စအပြင် သမဂ္ဂကိုယ်စား
စည်းမျဉ်းဥပဒေဆက်လက်ရေးဆွဲ ရေးနှင့် ပတ်သက်၍ တက္ကသိုလ်အာဏာပိုင်များနှင့်
စေ့စပ်ဆွေးနွေးရန် အခွင့်အာဏာရှိလာခဲ့သည်။ ဤသို့ဖြင့် ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁)
ရက်နေ့တင
ွ် “ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ” ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ပထမ ဆုံးဥက္ကဋ္ဌသည် ကိုကျော်ခင်ဖြစ်ပြီး၊
နောက်ဆုံးဥက္ကဋ္ဌသည် ကိုဗဆွေလေးဖြစ်သည်။ ကိုဗဆွေလေးသည် ၁၉၆၂ မတ်လ စစ်တပ်မှ
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ပွဲဖြင့် စစ်အာဏာရှင်စနစ်အား တိုက်ပွဲဝင်ရင်း
တောတွင်းတနေရာ၌ သူရေ
ဲ ကာင်း ပီသစွာ ကျဆုံးခဲ့ရသည်။ ထို့ကြောင့်
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂသည် ၁၉၃၁ မှ ၁၉၆၆ အထိ နည်းအမျိုးမျိုးဖြင့်
ရပ်တည် ခဲ့သည်။ နယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ စစ်အစိုးရခေတ်အထိ ၃၅
နှစ်တိုင်တိုင် ပြည်သူလူထုအကျိုး၊ ကျောင်းသားထု အကျိုးသယ်ပိုးခဲ့သည့်
အဖွဲ့အစည်းတခုဖြစ်ခဲ့သည်။

၁၉၃၅ - ၃၆ တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) (All Burma Students’


Union – ABSU) ကိုဖွဲ့စည်းခဲ့သည်။ ဗကသ ၏ ပထမဆုံးဥက္ကဋ္ဌသည် M.A ဦးရာရှစ်ဖြစ်ပြီး
အထွေထွေအတွင်းရေးမှူးသည် ကိုအောင်ဆန်းဖြစ်သည်။ နောက်ဆုံးဥက္ကဋ္ဌသည်
ကိုခင်မောင်အုန်းဖြစ်ပြီး အထွေထွေအတွင်းရေးမှူးသည် ကိုတင်ထွန်း (ဖျာပံ)ု ဖြစ်ပါသည်။

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


ကိုခင်မောင်အုန်းသည် ၆၂ ဦးနေဝင်းနှင့် အပေါင်းအပါတစုက အာဏာသိမ်းမှုကို
အာဏာသိမ်းပြီးနောက်တရက်မှာပင် ထောက်ခံကြောင်း ကြေညာသောကြောင့် ဗကသများ
အဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ယူကာ ကိုခင်မောင်အုန်းအားထုတ်ပြီး
ဒုဥက္ကဋ္ဌကိုသက်ကိုဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်သည်။ ၁၉၃၆ ခုနှစ်တင
ွ် ကျောင်းသား
ဒုတိယသပိတ်ဖြစ်ပေါ်ခဲ့သည်။

၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့်နှစ)် ဧပြီလ (၂၅) ရက်နေ့တင


ွ် တတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအသင်း နှစ်ပတ်လည် အစည်းအဝေးကို ပုသိမ်မြို့တွင် ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးတွင် ကျောင်းသားထုကိုယ်စားလှယ်များမှ အဆိုများတင်သင
ွ်းခဲ့သည်။
ယင်းတို့အနက် အရေးကြီးဆုံးသော အဆိုနှစ်ခုမှာ အဆိုအမှတ် (၂) ၌ “ရန်ကုန်တက္ကသိုလ်
အက်ဥပဒေကြမ်းကို ယခုအထိအစိုးရက ဘာမှ မလုပ်သေး။ ရှေ့လာမည့် သြဂုတ်လ
ဥပဒေပြုအစည်းအဝေးမှ ဘာမျှမလုပ်လျှင် ကျောင်းသားများလိုလားတောင်ဆိုချက်ကို မရမနေ
အပြင်းဆောင်ရွက်ရန်” ကိုကျော်မြင့် B.A က တင်သင
ွ်းပြီး၊ ကိုတင်ထွန်းက ထောက်ခံခဲ့သည်။
ထိုအခါ နာယကအဖြစ် ဆောင်ရွက်နေသော ကိုအောင်ဆန်းက မိမိတို့သပိတ်မှောက်တိုင်း
လုံးဝပင်မအောင်မြင်သော်လည်း၊ မိမိတို့လိုလားချက်များမှာ အများအားဖြင့်ရကြောင်း၊ ၁၉၃၆ ခု
နှစ်သပိတ်တင
ွ် ပထမအောင်မြင်လာခဲ့သော်လည်း မိမိတို့အားမှာ
တဖြည်းဖြည်းဆုတ်ယုတ်လာသဖြင့် အားပြန်ဖြည့်တင်းရန် အိနြေ္ဒရရ စစ်ကို ဆုတ်ခဲ့ကြောင်း၊
ယခုမိမိတို့မှာ ခွန်အားပြည့်ဝလာပြီဖြစ်ကြောင်း၊ ရှေ့နှစ်တင
ွ် မိမိမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရာ၌
“အောင်ဆန်း သော်လည်းကောင်း ပြုတ်ရမည်။ အလုပ်သော်လည်းကောင်း ဖြစ်ရမည်” ဟု
ပြောဆိုသွားခဲ့သည်။

တဖန်အဆိုအမှတ် (၁၀) တွင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုဗဟိန်းနှင်


ကိုတိုးရင်တို့မှ “ကျောင်းသားများ နိုင်ငံရေး လုပ်သင့်ကြောင်း” တင်သင
ွ်းခဲ့သည်။ ထိုအခါ
မြောင်းမြမှကိုမြရှိန်က ကန့်ကွက်ခဲ့သည်။ နာယက ကိုအောင်ဆန်းမှနေ၍ ယင်းအဆိုကို
သဘောတူလျှင် “အိုင်း”၊ မတူလျှင် “နိုး” ဟု အော်ရန်ပြောဆိုခဲ့ရာ နှစ်ဦးသာလျှင်
ကန့်ကွက်ခဲ့သည်။ ဤတွင်ကျောင်းသားအများစုက ဝိုင်းအော်ကြရာ နာယကကိုအောင်ဆန်းက
တားဆီးတောင်းပန်ပြီးယင်းအဆိုကိုအတည်ပြုခဲ့သည်။

ယင်းအစည်းအဝေးပြီးနောက် မကြာမီ သမဂ္ဂအထွေထွေအတွင်းရေးမှူး ကိုအောင်ဆန်းသည်


ကျောင်းသားခေါင်းဆောင်ဘဝမှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ကူးပြောင်းကာ
နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်ရောက်ခဲ့လေသည်။ ကိုအောင်ဆန်း၏တာဝန်ကို ကိုဗဟိန်းက
ဆက် လက်ထမ်းဆောင်ခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံ (ရေမြေသပိတ်ကြီး) တွင်
အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ ပြည်သူလူထု ကြီးနှင့်အတူ လက်တ၍
ွဲ
တိုက်ပွဲဝင်ခဲ့သည်။ မကွေးဆောင်တင
ွ် ကိုဗဟိန်းအဖမ်းခံထားရစဉ် အချုပ်ခန်းအမိုးကိုဖောက်၍
“ရဲဘော်တို့၊ ရှေ့ ကို ဆက်ပြီးချီတက်ကြပါ။ နယ်ချဲ့မြင်းစီးပုလိပ်တွေရဲ့ မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်” ဟု ရဲရေ
ဲ တာက်မိန့်ခွန်း ပြောကြားခဲ့သည်။

၁၃၀၀ ပြည့်အရေးတော်ပုံကြီးသည် တစထက်တစ အရှိန်အဟုန်မြင့်မားလာခဲ့ရာ ၁၉၃၈ ခုနှစ်၊


ဒီဇင်ဘာလတွင် အတွင်းဝန်ရုံးရှေ့၌ ကျောင်းသားများဝိုင်းဝန်းဆန္ဒပြကြရာ ကျောင်းသား

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


ခေါင်းဆောင် ကိုအောင်ကျော်သည် နယ်ချဲ့လက်ပါးစေပုလိပ်တို့၏ နံပါတ်တုတ်ဖြင့်
ရိုက်နှက်မှုကြောင့် ကျဆုံးသွားခဲ့သည်။

ဤသို့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ကျဆုံးရမှုနှင့်ပတ်သက်၍


မြန်မာ့အလင်းသတင်းစာမှ ဤသို့ ဂုဏ်ပြုလွှာစာတစောင် ရေးပို့ခဲ့သည်။

လွတ်လပ်ရေးတိုက်ပွဲဂုဏ်ထူးဆောင်လက်မှတ်
အမှတ် (၆၁)

လွတ်လပ်စွာသွားလာမှု၊ လွတ်လပ်စွာပြောဆိုမှု၊ လွတ်လပ်စွာရေးသားမှုသည် လူမျိုးတိုင်း၊


လူမျိုးတိုင်း ပိုင်ဆိုင်ရရှိခံစားထိုက်သော အခွင့်အရေးကြီးများဖြစ်၏။
ထိုအခွင့်အရေးများဆုံးရှုံးခြင်းသည် လူအဖြစ်မှ ဆုံးရှုံးခြင်းမည်၏။

လွတ်လပ်ရေးရရှိရန်အတွက် အတားအဆီးဖြစ်သော ချုပ်ချယ်မှုများကို ပယ်ဖျက်ရာတွင်


ဒဏ်ရာအနာတရ ရသူ၊ သေသူတို့သည် မြတ် သော နာခြင်း၊ မြတ်သော သေခြင်းပင်ဖြစ်၍
ထိုသို့သော် နာခြင်း၊ သေခြင်းကို လိုလားကြရမည်ဖြစ်၏။ လွတ်လပ်ရေးတိုက်ပ၌
ွဲ ရရှိခဲ့သော
အနာရွတ်သည် ဘုရင်ထီးဆောင်း မင်းအပေါင်းတို့ပေးသော ဘွဲ့တံဆိပ်များထက် ဂုဏ်ရှိ၏။
အဖိုးတန်၏။ အရိုအသေခံထိုက်၏။

ထို့ကြောင့် လွတ်လပ်ရေးတိုက်ပွဲတင
ွ် ဒဏ်ရာအနာတရ ရရှိခဲ့သော အောက်အမည်ပါ
ပုဂ္ဂိုလ်အား ဤဂုဏ်ထူးဆောင်လက်မှတ်ဖြင့် ချီးကျူး ပါ၏။ အရိုအသေပြုပါ၏။

အမည် -
ကိုဘသန်း
အတန်း -
ကျောင်း -
တက္ကသိုလ်
မိဘနှစ်ပါးအမည်
-
ချီးကျူးရိုသေပြု
သူ - (ချစ်မောင်)
အယ်ဒီတာ
မြန်မာ့အလင်းသ
တင်းစာ

လွတ်လပ်ရေးတိုက်ပွဲတင
ွ် မျိုးချစ်အာဇာနည်ဗမာပီသသည့် “ကိုအောင်ကျော်” ကား
မြတ်သောသေခြင်းဖြင့် သေခဲ့လေပြီ။
မြန်မာ့အလင်း - ၈၄၁၅။

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


ဤသို့ဖြင့် လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ကိုအောင်ကျော်ဟာ
နယ်ချဲ့လက်ပါးစေ စစ်ပုလိပ်တွေရဲ့ နံပါတ် တုတ်ကြောင့် ၁၉၃၈ ခု၊ ဒီဇင်ဘာ (၂၃) ရက်နေ့မှာ
ကွယ်လွန်သွားခဲ့ပါပြီ။ အာဇာနည်အတွက် သူ့ရဲ့ နိုင်ငံရေးဆောင်ရွက်ဘက် ရဲဘော် များမှ
အင်းစိန်ထောင်တင
ွ်းမှနေ၍ ဤသို့ ပေးစာတစောင် ပို့ခဲ့ဖူးပါသည်။

အာဇာနည် ရဲဘော်အောင်ကျော်။

သင်ကား ဗမာပီသစွာ ဗမာလူမျိုးအတွက် မိမိကိုယ်တိုင်အဖိုးမဖြတ်နိုင်သော အသက်သွေးခဲကို


စွန့်ပစ်ခဲ့လေပြီ။ သင့်တာဝန်ကို ကျေပြွန် ခဲ့ပြီ။ သင်သည် ယောက်ျားပီသလေစွ။
အသက်နှင့်ကိုယ် တည်မြဲနေသေးသော ငါတို့အတွက် မသေသေးသရွေ့
နေရမည့်ရက်တွေများတွင် စက်တိုင်နှင့်လွတ်လပ်ရေးစခန်းတခုကို ခရီးအဆုံးစွန့်စားကာ
ဗမာ့အရေးကိုဆောင်ရွက်ရန် ဖြစ်ပေသည်။

ဤကဲ့သို့မဟုတ်ဘဲ ဗမာတမျိုးသားလုံးသည် နှေးဖင့်မေ့လျော့ပေါ့ဆနေကြက သင်နှင့်တကွ


နေ့မအိပ်ညမနား ဆောင်ရွက်နေကြသော ဗမာရဲဘော်များကိုသာ သစ္စာဖောက်ရုံမက
ငါနှင့်လက်တင
ွ် လွအ
ဲ ပ်ထားခြင်းခံရသော ဗမာပြည်လွတ်လပ်ရေးမီးရှူးတိုင်ကို ငြိမ်းသတ်သည်
မည်ကြောင်း ငါတို့တထစ်ချ ယူဆကြလိမ့်အံ့။

ငါတို့ကား သင်သည် ဗမာပြည်လွတ်လပ်ရေးစစ်ပွဲတင


ွ် ယခုကဲ့သို့ အသက်ဆုံးရှုံးရသဖြင့်
အနည်းငယ်မျှဝမ်းမနည်း။

သင်ယခုကဲ့သို့ အသက်စွန့်ရခြင်းဖြင့် ကိုယ့်မင်းကိုယ့်ချင်းလောကနိဗ္ဗာန်ကြီး တည်ထောင်ရေး


စခန်းသည်မုချဧကန်တိုးတက်စေအံ့။
အရေးတော်ပုံအောင်ပါစေ

ကိုဗဟိန်း
ကိုဗဆွေ
သခင်ထိန်ဝင်း
သခင်စိုး
သခင်သိန်းဖေ
သခင်လေးမောင်
သခင်ခင်အောင်

ထို့အပြင် ကိုအောင်ကျော်၏ ဈာပနအခမ်းအနားတွင် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


ကိုလှရွှေက ဤသို့ ဝမ်းနည်းစကား ပြောကြား ခဲ့သည်။ ဒဏ်ရာများရလျှက်
သူရိယသတင်းစာတိုက်အပေါ်ထပ်မှာ ခေါင်းချင်းယှဉ်ပြီးလှေ
ဲ နကြစဉ် ငါတို့အမျိုးအတွက်
အသေခံမယ် ဥက္ကဋ္ဌကို မထိကြစေနဲ”့ လို့ ရဲရေ
ဲ တာက်ပြောသံတွေ၊ ဆေးရုံကို
ငါလာရောက်ကြည့်စဉ်ကလည်း “ကိုလှရွှေ ကျနော်တို့ ရှေ့ဆက်တက်ကြ မယ်” ဆိုပြီး
ကယောင်ကတန်း စွဲလမ်းစွာပြောဆိုနေတာတွေ၊ ပထမအကြိမ် အာဏာဖီဆန်တုန်းက
“ကျနော်ရှေ့ဆုံးက အသေခံပြီး အလံကိုင် ပါရစေ” လို့ ပြောခဲ့တာတွေကို ငါ့နားထဲမှာ
မြင်ယောင် ကြားယောင်နေသေးတယ်။ ကိုအောင်ကျော် ရဲဘော်ရဲ့ ဆန္ဒဟာ ရာဇဝင်
မှတ်တမ်းတင်ရလောက်အောင် ပြည့်ဝခဲ့ပါပြီရေ
ဲ ဘာ်” ဟု ပြောကြားခဲ့သည်။

တဖန် ကိုအောင်ကျော်၏မိခင် ဒေါ်ရွှေကျော့ကလည်း -


“တပည့်တော်မ၏ရင်သွေး သားလေးမောင်အောင်ကျော်ဟာ လက်နက်ဆိုလို အပ်တချောင်း၊
တုတ်တတိုမျှ မကိုင်ရရှာဘဲလျက် လေးလံ သော လက်နက်များနဲ့ ပုလိပ်တို့က ရိုက်နှက်လို့
သေဆုံးရခြင်းကို တိုင်းသူပြည်သားများနဲ့ သံဃာတော်များကပင် မခံမရပ်နိုင်အောင်
ဖြစ်ပျက်ပုံကို ထောက်ရှုလျှင် တပည့်တော်မလို ကိုးလလွယ် ဆယ်လဖွား ယုယခဲ့ရတဲ့
မိခင်အတွက် ပြောဖွယ်ရာ မရှိတော့ပါဘုရား”

“အောင်ကျော်ရေ မင်းသေလို့ဝမ်းနည်းတာထက် မင်းလိုသားမျိုးနောက်ထပ်မမွေးမှာကို အမေ


သိပ်ဝမ်းနည်းသားရယ်” ဟု ယူကျုံး မရ ဖြစ်ခဲ့ရသည်။

ထိုဈာပနအခမ်းအနားတွင် မြို့တော်ဆရာဟိန်ကလည်း -
“က်ဆံုးသြားတဲ့ အာဇာနည္ရေ
ဲ ဘာ် ဗိုလ်အောင်ကျော်၊ ရဲဘော်ဟာ တို့တတွေရဲ့
လွတ်လပ်ရေးတိုက်ပွဲမှာ တပ်ဦးဗိုလ်မှူးအဖြစ် ကမ္ဘာမှာ ဗမာဟေ့လို့ တည်နေသမျှ
မှတ်သားဂုဏ်ယူလိုက်ပါတယ်။

“အာဇာနည္ရေ
ဲ ဘာ် ဗိုလ်အောင်ကျော်
သနားညှာတာခြင်းကင်းမဲ့စွာ ရိုက်နှက်လိုက်တဲ့ နယ်ချဲ့ပုလိပ်တွေရဲ့ နံပါတ်သံဟာ
တို့ပြည်သူတွေရဲ့ နားထဲမှာတော့ လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့ တရံမခြားလှုံ့ဆော်နေတဲ့
လှုံ့ဆော်သံတွေအဖြစ် ခံယူမိပါတယ်။

“အာဇာနည္ရေ
ဲ ဘာ်.ဗိုလ်အောင်ကျော်
ရဲဘော်ရဲ့ မွန်မြတ်သော သေခြင်းတရားဟာ ငါတို့ပြည်သူတွေရဲ့ လွတ်လပ်ရေးပန်းတိုင်ကို
အရောက် ပို့ပေးမယ့် ရှေ့ပြေးနိမိတ်လို့လည်း ယုံကြည်အပ်ပါတယ်။

“အာဇာနည္ရေ
ဲ ဘာ်။ဗိုလ်အောင်ကျော်
ရဲဘော်ရဲ့ မြင့်မြတ်တဲ့စိတ်၊ စွဲမြဲတဲ့ဇ၊ွဲ ကိုယ်ကျိုးစွန့်တဲ့သဘော၊ အနစ်နာခံတဲ့
သူရသတ္တိတွေကနေတဆင့် ကူးစက်လောင်မြိုက်သွားတဲ့ မီးတောက်မီးလျှံကြီးတွေဟာ
ငါတို့ရဲ့ နှလုံးသားမှာ တဟုန်းဟုန်းတဟူးဟူး ဆက်လက်လောင်ကျွမ်းရင်း ရဲဘော်တို့ချခဲ့တဲ့
လွတ်လပ်ရေး ပန်းတိုင်ကြီးကို မရောက်ရောက်အောင် လှမ်းမယ်လို့ အလေးအနက်
အဓိဌာန်ပြုလိုက်ပါတယ်။

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com


ထို့ကြောင့် ကိုလိုနီခေတ်ကျောင်းသားလှုပ်ရှားမှုတိုက်ပသ
ွဲ မိုင်းသည် -
(၁) အင်္ဂလိပ်နယ်ချဲ့စနစ်အောက်မှ မြန်မာနိုင်ငံလုံးဝလွတ်မြောက်ဖို့နှင့်
(၂) ကိုလိုနီကျွန်ပညာရေးစနစ်ကို လုံးဝဖျက်သိမ်းပြီး အမျိုးသားပညာရေးတည်ဆေက်ဖို့
တိုက်ပွဲဝင်သည့် သမိုင်းဖြစ်ပေသည်။

အောင်စောဦး (NLD – LA) မှိုင်းရာပြည့်


ဒေါင်းအိုးဝေ - အတွဲ (၃)၊ အမှတ် (၁၁)၊ ဖေဖော်ဝါရီ၊ မတ်၊ ၁၉၉၃။ (စာမျက်နှာ ၃၁ မှ ၃၄ ပါ
ဆောင်းပါး)

PDF Created with deskPDF PDF Writer - Trial :: http://www.docudesk.com