Beruflich Dokumente
Kultur Dokumente
ရဲဘော်ဖိုးသံချောင်း
ဝန်ခံစကား
ကျနော်ဝန်ခံပါရစေ...။
ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေဟာ ကျနော်တယောက်တည်းရဲ့ဝါယမက ပေါ်ထွက် လာတာမဟုတ်ပါဘူး။
စာဖတ်သူက နည်းနည်းလေး ပြန်စဉ်းစားလိုက်ရင် ကျနော့်အသက် အရွယ်နဲ့ ဒါတွေအားလုံးကိုမသိနိုင်ဘူးဆိုတာ
သဘောပေါက်လာမှာပါ။
ကျနော်သေသေချာချာ သိမီတဲ့အပိုင်းက ပထစအစိုးရလက်ထက် ကာလလောက်မှာမှဖြစ်ပါတယ်။ အဲတော့
ဒီဆောင်းပါးများဖြစ်ပေါ်ရေးအတွက် ကျနော့်ကိုကူညီကြသူတွေ လိုခဲ့ပါတယ်။ သဘာဝကျစွာပဲ ကျနော်တို့
ပါတီရဲ့အရင်မျိုးဆက်က ခေါင်းဆောင်ဟောင်းများဆီက အကူအညီတွေ အများ ကြီးရခဲ့ပါတယ်။ နောက်ပြီး
တခြားပါတီဝင်တွေဆီကရောပေါ့။ အမှန်ပြောရရင် ဒီစာအုပ်ဟာ “မြင်းဝန်မင်းဘုရားတည်၊ မြင်းသားများကောင်းမှု”
ဆိုတာမျိုးသာသာပါ။ ဒါကြောင့် ကျနော် ဒီမှာသူတို့အားလုံးကို လေးစားကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်ချင်ပါတယ်။ ကျနော်ဝင်ခံ ချင်တဲ့ နောက်တချက်က ဒီဆောင်းပါးဟာ
ပြည့်စုံဖို့အများကြီးလိုသေးတယ်ဆိုတဲ့ အကြောင်း ပါ။ စစ်အုပ်စုသမိုင်းကို သုတေသနပြုမယ်၊ ကျမ်းတစောင်ပေတဖွဲ့
ပြုမယ်ဆိုတာ အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ။ ဒါပေမယ့်ကျနော့်လို ကိုယ့်တိုင်းပြည်ပြင်ပကိုရောက်နေသူ
တယောက်အနေနဲ့ လုံးဝမဖြစ်နိုင်ပါ။ သတင်းစာတွေ၊ မှတ်တမ်းတွေ၊ မေးရမယ့်လူတွေ ပြည် တွင်းမှာမှ
ပြည့်ပြည့်စုံစုံရှာဖွေလို့ ရမယ့်အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးများကို ကျနော် ရေဒီယိုကနေ
ပြောကတည်းက “စစ်တပ်နဲ့ နိုင်ငံရေး” လို့ ခေါင်းစဉ်ကို သေချာစဉ်းစား ပြီးပြောခဲ့တာပါ။
ကျနော်တို့နိုင်ငံမှာ စစ်အုပ်စုရဲ့ အုပ်စိုးမှုဟာ ကြာရှည်လွန်းတာကတကြောင်း၊ ဖိနှိပ်မှုတွေက လည်း
ပြင်းထန်လွန်းတာက တကြောင်းတို့ကြောင့် နောင်မှာစစ်အုပ်စု သမိုင်းကိုပြော ကြစို့ဆို ရင်တောင်
တုတ်ထမ်းပြီးပြောရမလားမသိပါ။ အမှန်ပြောရရင် နဂိုက စစ်အုပ်စုခေါင်းဆောင် ပိုင်းမှာပါခဲ့သူတွေ ဒီမိုကရေစီဖက်ကို
ကူးပြောင်းရပ်တည်လာကြတာတွေ တွေ့မြင်ခဲ့ရတော့ စစ်အုပ်စုတွင်းပြဿနာတွေနဲ့ စဉ်းစားတွေးခေါ်နည်းတွေကို
သူတို့ပါးစပ်ကများကြားရရင်ဘယ် လောက်စိတ်ဝင်စားစရာကောင်းလိုက်မလဲလို့ တောင့်တမိခဲ့ပါတယ်။
လုပ်ငန်းစဉ်တွေချမှတ်ရာ မှာ အများကြီးအထောက်အကူရမယ်လို့ တွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ
အခု ထက်ထိတခါမှ မကြားရပါ။ သူတို့တတွေလည်း အသက်အရွယ်တွေ ကြီးလာပြီ၊ အလုပ်လည်း
များကြတာဆိုတော့ အသက်ရှိတုန်းလေး၊ မှတ်တမ်းလေးတွေ ရေးခဲ့ကြပါစေလို့ ဆုတောင်းမိ ပါတယ်။
နအဖတို့ကတော့ ခြေစလက်စမှန်သမျှကို ဖျောက်ဖျက်ပစ်ချင်တဲ့ စိတ်မျိုးသာရှိမှာ ပါပဲ။
နောက်ဆုံးတော့ ကျနော့်ကို ဒီဆောင်းပါးများရေးဖြစ်အောင် အားပေးတိုက်တွန်းတဲ့ ဒီဗီဘီဝိုင်း တော်သားများနဲ့
စာအုပ်ဖြစ်မြောက်ရေး လုံးပမ်းကြတဲ့ တိုက်ဖော်တိုက်ဖက်များအားလုံးရဲ့
ကျေးဇူးပြုမှုဟာလည်းခြွင်းချန်လို့မဖြစ်ပါကြောင်းဝန်ခံပါရစေခင်ဗျား။
ရဲဘော်ဖိုးသံချောင်း
တပ်ကိုနိုင်ငံရေးအရတည်ဆောက်ရမယ်
ခေါင်ကိုဖြိုဖို့ကြံတဲ့နယ်ချဲ့
အောင်ဆန်းကိုဘယ်သူသတ်သလဲ
ဗမာပြည်ရဲ့ကံကြမ္မာ-ဗိုလ်နေ၀င်းရဲ့ကံဇာတာ
ခေါင်းနှစ်လုံးနဲ့နဂါးကြီးဖဆပလ
နံပါတ်သုံးအချက်က ဖဆပလ ကွဲတဲ့ကိစ္စ။ ဖဆပလကွဲတာရယ်၊ ကြားဖြတ်အစိုးရအာဏာ သိမ်းတာရယ်တို့က
တိုက်ရိုက်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ၄၈ နဲ့ ၅၈အကြားဖြစ်ပေါ်တိုးပွား မှုတွေဟာ ဗိုလ်နေ၀င်းရဲ့ အာဏာရမက်ကို
တလိပ်လိပ်တက်လာစေခဲ့တယ်။ ပြည်တွင်းစစ် ကြောင့်ဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်း ပြဿနာတွေကြောင့်ဖြစ်ဖြစ်
ဆိုရှယ်လစ် ပါတီကလူတွေဟာ ဗိုလ်ဝေင်းကို နေရာပေးသည်ထက်ပေးလာကြတယ်။ ဒီနေရာမှာဦးကျော်ငြိမ်းက
ဇာတ်ညွှန်း ရေးပြီး ဦးသိန်းဖေ (မြင်)့ ပါဝင်ကပြခဲ့တဲ့ “လက်ဝဲညီညွတ်ရေး” ပြဇာတ်ကိုလဲ ထည့်ရေးဖို့လို တယ်။
အသေးစိတ် တော့ မပြောတော့ဘူး။ အားလုံးလဲ သိပြီးသားမို့ပါ။ အဲဒီကိစ္စကို စစ်အုပ်စု က ကိုးကားပြီး
အမှတ်ယူလေ့ရှိတာကိုတော့ အားလုံးမှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အဲဒီ “လက်ဝဲညီညွတ်ရေး” ဆိုတဲ့ထိုးဇာတ်ကြီး
လုပ်လိုက်တဲ့အတွက်ဗိုလ်နေ၀င်းကိုရာဇာပလ္လင် အနား ခေါ်လိုက်သလိုဖြစ်သွားတယ်။ ဒါဟာ တိုင်းပြည်ကြမ္မာငင်ဖို့
ဖြစ်လာတာပဲ။ ဗိုလ်နေ၀င်းဟာ စစ်သားသာဖြစ်တယ်၊ နိုင်ငံရေးအစိုးရတရပ်ရဲ့ အမိန့်နာခံရတာကို အင်မတန်
မကျေနပ် တဲ့လူပဲ။ “ရန်ကုန်အစိုးရ” ဘ၀ရောက်တဲ့ ၁၉၄၉ ခုနှစ်၊ အုပ်စိုးတဲ့အစိုးရအတွင်းမှာ ရုတ်ရုတ် သဲသဲတွေ
ဖြစ်ကုန်ကြတယ်။ ဗမာပြည်တပြည်လုံးမှာ တော်လှန်ရေးအင်အားစုတွေက မြို့ကြီးတွေရော၊ ကားလမ်းတွေရော၊
သိမ်းထားတဲ့အဆင့် ရောက်လာတယ်။ အဲလိုအခြေ အနေမှာ ၀န်ကြီးတွေက နှုတ်ထွက်ကုန်ကြတယ်။
ဘာလုပ်ရကိုင်ရမှန်းကို မသိဘူဖြစ်ကုန်တယ်။ အဲလိုအခါမှာ ဗိုလ်နေ၀င်းကဦးနုကို ဘယ်လိုပြောလဲဆိုတော့
“တပ်မတော်ဟာ ၀န်ကြီးတွေကို ကာကွယ်ဖို့ မွေးထားတဲ့အိမ်စောင့်ခွေးမဟုတ်ဘူး။ ဒီဝန်ကြီး တွေကို
ကာကွယ်ဖို့အတွက် အသေမခံနိုင်ဘူး”လို့ မောက်မောက်မာမာပြောခဲ့တယ်။ သူက အဲဒီလိုတင်ပြလိုက်ပြီးတော့
ဆက်တိုက်ဆိုသလိုပဲ ပြန်ဖွဲ့လိုက်တဲ့ အစိုးရထဲမှာ ဦးဟာ ဗိုလ်နေ၀င်းကို ဒု - ၀န်ကြီးချုပ် ခန့်လိုက်ရတယ်။ ဒါကို
ဦးနုကသူ့ရဲ့ “တာတေစနေသား” ထဲမှာ ရေးထားတယ်။ ဗိုလ်ဝေင်းဟာ အဲဒီအချိန်က စပြီး ဦးနုရဲ့အထာကို
သိသွားတယ်လို့ဆိုရင် မှန်မယ်လို့ထင်ပါတယ်။
အဲဒီကနေ ဆက်လိုက်တော့ ၁၉၅၆ ခုနှစ်၊ အကုန်ပိုင်းလောက်မှာ ဦးနုကို ဦးဗဆွေ၊ သံအမတ် ဦးလှမောင်၊
ဗိုလ်နေ၀င်း စသူတို့က ၀န်ကြီးချုပ်အဖြစ် ထွက်ပေးဖို့ တောင်းဆိုတာလုပ်လာ တယ်။ သူတို့ပြောနည်းကတော့
“တရုတ်ပြည်မှာ မော်စီတုန်းက အစိုးရအဖွဲ့ထဲမှာမပါဘူး။ ပါတီဥက္ကဋ္ဌအဖြစ်ပဲနေတယ်။ ဦးနုလည်း ဖဆပလ
ဥက္ကဋ္ဌအဖြစ်ပဲနေပါ” လို့။ အမှန်က ဦးနုကို အစိုးရထဲကဖယ်ပစ်တာ။ ဖဆပလအဖွဲ့ဥက္ကဋ္ဌက ဘာမှလုပ်စရာမရှိဘူး။
မော်စီတုန်းနေရာမျိုး မဟုတ်ဘူး။
ဒါကို ဦးနုက ဘယ်လောက်ရိပ်မိလဲတော့ မသိဘူး။ ဆိုရှယ်လစ်တွေအဖို့တော့ ဦးနုဟာ သူတို့ အတွက်
ခလုတ်ကန်သင်းဖြစ်နေပြီလို့ သတ်မှတ်ထား တာ ပိုရှင်းသည်ထက်ရှင်းလာတယ်။ ဖဆပလရဲ့ အက်ကြောင်းဟာလဲ
အဲဒီကာလနဲ့ မတိမ်းမယိမ်းမှာ ပေါ်လာတာပဲ။ အဲဒီနောက် ဖဆပလကွဲတယ်။ ပါလီမန်ထဲမှာ မဲခွဲကြရင် ဦးနုဘယ်လိုမှ
မနိုင်နိုင်ဘူးလို့ တည်မြဲတွေက အပိုင်တွက်ထားတယ်။ ဒါပေမယ့် တကယ်ခွဲလိုက်ကြတဲ့အခါကျတော့
ပမညတကသန့်ရှင်းကို မဲပေးပစ်လိုက်တယ်။ အဲလို မမျှော်လင့်တဲ့အဖြေ ထွက်လာတယ်။ အဲဒီတုန်းက ဆိုရှယ်လစ်
ပါတီကလူတွေဟာ အာဏာကို သူတို့တကယ် လက်လွတ်ရမယ်ဆိုတာကို သဘောပေါက်သွားတယ်။ အဲတော့
အရှုံးကိုအလွယ်တကူဝန်မခံလိုတဲ့ ဆိုရှယ်လစ်ပါတီကလူတွေက အာဏာသိမ်းမယ်လို့ဆုံးဖြတ်လိုက်တာပဲဖြစ်တယ်။
အဲဒီတုန်းက သူတို့အကြောင်းပြတာကတော့ သန့်ရှင်းဟာ မြေပေါ်ကွန်မြူနစ်တွေနဲ့ ပေါင်းမိသွား ပြီလို့
အကြောင်းပြတာ။ ဒါဟာ ဗိုလ်နေ၀င်းအနေနဲ့ “အိမ်စောင့်အစိုးရ” ဆိုပြီး အာဏာသိမ်းတာလုပ်ဖို့
ဆုံးဖြတ်ချက်ကျသွားစေတဲ့အချက်လို့ ပြောရင်ရပါတယ်။ ဒါပေမယ့် ဒါဟာ အနီးကပ်အကြောင်းရင်းပါ။
အဝေးအကြောင်းရင်းတွေလည်း ဒီနေရာမှာ ထည့်ပြောဖို့ လိုလို့ကျနော်ပြောချင်ပါသေးတယ်။
အဲဒါက တခြားမဟုတ်ပါဘူး။ စစ်တပ်ထိပ်သီးတွေအနေနဲ့က ဖဆပလနဲ့အတူ လုပ်လာကြာတာကြာတော့ ဖဆပလ
ခေါင်းဆောင်တွေထဲမှာ တကယ်အရည်အချင်းရှိတာ၊ လူအရိုအသေ ခံလောက်တာ နည်းနည်းလေးရှိတယ်ဆိုတာ
သူတို့လဲသိမြင်လာကြတယ်။ ဖဆပလ ခေါင်းဆောင်တွေထဲမှာ အကျင့်စာရိတ္တ မမှန်တဲ့သူတွေက ဒုနဲ့ဒေး။ နောက်ပြီး
ဦးနှောက်မမှန်တဲ့သူတောင် ပါသေးတယ်။ (ကျနော် နာမည်မပြောတော့ပါဘူး။ ကွယ်လွန်သွားပါပြီး။) အဲဒီ ဖဆပလ
အဖွဲ့ကို ဦးနုကိုယ်တိုင်က ထင်ရှူးသေတ္တကြီး ခြစားပုံနဲ့ နှိုင်းပြောလိုက်တော့ ဖဆပလတွေရဲ့ သိက္ခာက ကုန်နေပြီ။
အဲလိုနဲ့ ကြာလာတော့ စစ်ဗိုလ်တွေရဲ့ခေါင်းထဲမှာ ... “ဟာ ... သူတို့လောက်တော့ ငါတို့လဲဖြစ်တာပေါ့။ ငါတို့လဲ
အစိုးရလုပ်ရင် ရတာပေါ့” လို့ အတွေးပေါ်လာတယ်။ ၀န်ကြီးဆိုတဲ့ဟာတွေက တိုင်းခန်းလှည့်လို့ကြိုပါဆိုရင်
စစ်ဗိုလ်တွေက အရိုအသေပေးရတယ်။ ၀န်ကြီးတွေရဲ့ လုံခြုံရေးယူပေးရတော့၊ အနီးကပ်နေရတော့ ပိုသိလာတယ်။
အဲလို သူတို့မကြည်ညိုတဲ့သူတွေကို အရိုအသေပေးရတာကြာလာတော့ သည်းညည်းမခံနိုင်ဘူး။ ဒီလိုနဲ့ နေသေးသပ
ခြုံထဲက ဖြစ်လာတယ်။ ၁၉၅၈ ခုနှစ်ဆီလောက်က ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ၊
ရှမ်းပြည်နယ်ပါတီကော်မတီကို တာဝန်ယူထားတဲ့ တာဝန်ခံရဲဘော်ကို ပါတီကော်မတီက စစ်အစိုးရတပ်မှူးကြီးတွေနဲ့
ဆွေးနွေးဖို့ တာဝန်ပေးတယ်။ အဲတော့ သူက လားရှိုးသွားပြီးတော့ တပ်မင်း၊ တပ်မှူးတွေနဲ့သွားပြီး
အကြိမ်ကြိမ်ဆွေးနွေးရတယ်။ ကွန်မြူနစ်ပါတီကတင်ပြတဲ့ အဓိကအကြောင်းကတော့ ပြည်တွင်းစစ်ရပ်စဲပြီး
ရှမ်းပြည်နယ်ထဲမှာဝင်နေတဲ့ တရုတ်ပြည်ကူမင်တန်တွေကိုတိုက်ဖို့။ ဟိုကတော့
လုံးလုံးလက်မခံပါဘူး။လက်နက်ချဖို့ပဲ ပြောနေတယ်။ အစည်းအဝေးအပြင်မှာ သူတို့နဲ့
ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ တော့ (နဂိုကလည်း လူချင်းသိကြတဲ့ဟာတွေ ဆိုတော့) စပ်မိစပ်ရာ
တွေအကုန်ပြောကြတာ ပေါ့။ တပ်မင်းဆိုတဲ့လူက သူ့ခံစားမှုတွေကိုလဲ ထုတ်ပြောတယ်။
ဝန်ကြီးတွေအကြောင်းလဲပြောတယ်။ ဗိုလ်နေ၀င်းအကြောင်းလဲ ပါတယ်။ အတင်းအဖျင်းစကား ဆန်ဆန်တွေပါ။
ဖဆပလ စကွဲတဲ့အချိန်မှာ “ကိုကျော်ငြိမ်းက ကညွတ်ရိုး၊ ကျော်ဒွန်းက တောထဲက ဇရစ်ရိုး၊ ဘာယှဉ်နိုင်မလဲ”
လို့ပြောတာလဲ အဲဒီစစ်ဗိုလ်တွေက ပြောတာပဲ။ အဲဒီအခါမှာ တပ်မင်းဆိုတဲ့ လူပြောတဲ့အထဲက
သတိထားစရာကောင်းတဲ့ စကားတခွန်းက “ကျနော်တို့ အာဏာသိမ်းရင် ၂၄ နာရီအတွင်း အောင်မြင်နိုင်တယ်”
လို့ပြောလိုက်တာပါပဲ။
လမ်းခွဲမှုကြီးနှစ်ခု
နံပါတ်ဝမ်း
စစ်ဗျူရိုကရက် အရင်းရှင်စနစ်
“ဆိုရှယ်လစ်” - “ပြည်သူပိုင”်
ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ
“စစ်အုပ်စုရဲ့ နိုင်ငံခြားရေး”
(နိဂုံး)
၊ ရဲဘော် ဖိုးသံချောင်း ၊
စစ်တပ်နှင့်နိုင်ငံရေး(နောက်ဆက်တွဲ ဖြည့်စွက်ချက်နှင့်ပတ်သက်၍)
သန်းရွှေစစ်အုပ်စု ဘာကြောင့်ခေါင်းမာနေသလဲ
၁၉၈၉ နှစ်ပိုင်းက 'ဗကပ' က 'န၀တ' ရဲ့ ဦးတည်ရန်သူပါ။ ရန်သူပါ။ ပြိုင်ဘက် မဟုတ်ပါဘူး။ လက်နက်ကိုင်
တိုက်နေတဲ့ ရန်သူပါ။
'ဗကပ' ဗဟိုက ကျောင်းသားတပ်မတော်ကို လက်နက်တသောင်းကူညီဖို့ဆုံးဖြတ်တာကို
မကျေနပ်တဲ့ဗဟိုကော်မတီအနည်းစုက ပါတီကနေ ခွဲထွက် ကြပါတယ်။ သူတို့က လူမျိုးစုခေါင်းဆောင်တွေဖြစ်လို့၊
ဗကပ (ဗဟိ)ု ကလည်း 'မှီခိုသူ့ဒုက'္ခ ကြုံနေလို့ခွဲထွက်တဲ့အထဲမှာ တပ်အများစုကြီးကပါသွားပါတယ်။ သွေး
ထွက်သံယို မဖြစ်စေဖို့ ဗကပ (ဗဟိ)ု က မြေအောက်ဆင်းပြီး ယူ/ဂျီ ပါတတီအဖြစ် ပြောင်းလိုက်ပါတယ်။
ဒီနောက်တော့ ဗိုလ်ခင်ညွန့်က ဗကပခွဲထွက်တွေရဲ့ 'ဂေါ့ဖားသားကြီး' ဖြစ်သွားပါတယ်။ သူ့ဇာတာ
အတက်ဆုံးအချိန်လို့ပြောရမှာပါ။ ဒီလိုနဲ့ 'ငြိမ်းအဖွ'ဲ့ ဆိုတဲ့ ဇာတ်လမ်းတွေ တခုပြီးတခု ပေါ်ပါတယ်။ 'ငြိမ်းအဖွဲ့
တခေတ်ထတဲ'့ ကာလတခုရောက်လာပါတယ်။ ငြိမ်းအဖွဲ့အမျိုးမျိုး အလျှိုလျှိုပေါ်လာတာကို ပြောတာပါ။ KNU
ခေါင်းဆောင်ဗိုလ်ချုပ်မြ ရန်ကုန်ရောက်တဲ့အထိကာလဟာ 'ငြိမ်းအဖွဲ့ ခေတ်ထချိန'် ပါပဲ။ ၁၀ နှစ်ကျော်တဲ့ကာလပါ။
အဲဒီ ၁၀ နှစ်အတွင်းမှာ အရင်ထောက် လှမ်းရေးခေါင်းဆောင် မျက်မှန်လန်ဘားတင်ဦး မရတဲ့အခွင့်အာဏာတွေ
ဗိုလ်ခင်ညွန့်ရတာပါပဲ။ ပြည်တွင်းသာမက ပြည်ပမှာပါ ရပါတယ်။ သူ့ကို 'နံပါတ်ဝမ်းနီးနီး' သတ်မှတ်ကြပါတယ်။
ဗိုလ်သန်းရွှေနဲ့ပြိုင်ဖက်လို့တောင် မြှင့်ပေး၊ မြှောက်ပေးတာတွေလည်း တွေ့ကြခဲ့ရပါတယ်။ မျက်မှန် လန်ဘားတင်ဦးရဲ့
'တစ်နှစ်ပိုင်းတပိုင်း' ဆိုတာက ဗိုလ်နေ၀င်းရဲ့အိမ်တော်ပါ (ဒေါက်တာမောင်မောင်ပြောတဲ့ coterie) တွေက
မနာလိုလို့ပေးတဲ့နာမည်ပါ။ အဲဒီလူတွေကဒီ MI တွင်ကျယ်တာကို နည်းနည်း မှမကျေနပ်ပါဘူး။ တကယ်က
နေ၀င်းရဲ့အတွင်းစည်းနေရာကို သူတို့ချင်းလုနေကြတာပါ။ သူတို့က လန်ဘားတင်ဦးရှေ့မှာပဲ 'ဘယ်ခွေးမှ
လူမထင်ဘူး' လို့ မူးမူးနဲ့ စိန်ခေါ်လေ့ရှိပါတယ်။
နောက်ဆုံးမှာတော့ မီးဖိုချောင်ကက်ဘိနက် ဒေါ်ခင်မေသန်း ပင်းတဲ့ဘက်က အနိုင်ရပြီး ဗိုလ်တင်ဦး
အရာကျသွားတာပါ။
ဗိုလ်ခင်ညွန့်ခေတ်ကောင်းစဉ်က ဘယ်သူမှစိန်ခေါ်တာ မခံရပါဘူး။ 'ဒီပဲယင်း' မတိုင်မီထိပေါ့။ စိန်ခေါ်တာလည်း
'နံပါတ်ဝမ်း' နေရာ အတင်းတက်ယူ နေတဲ့ သန်းရွှေကစိန်ခေါ်တာပါ။ ဒါကြောင့် ပွဲကကြမ်းပါတယ်။
ဗိုလ်ခင်ညွန့်အရေးယူခံရပုံဟာ စစ်အုပ်စုသမိုင်းမှာအပြင်းထန်ဆုံး အရေးယူနည်းမျိုး အရေးယူခံရ တာလို့ပြောရင်
ရပါတယ်။ ဗိုလ်နေ၀င်းလက်ထက်မှာ ဆိုရှယ်လစ်ပါတီဝင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ထုတ်ခဲ့တာကလွဲစလို့
အထုတ်တွေ၊ အဖြုတ်တွေ၊ အဖမ်း တွေ အဆီးတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ခင်ညွန့်တို့အပေါ်
အရေးယူသလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အရေးယူတာမျိုးတော့ တခါမှမရှိခဲ့ ဖူးဘူးလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးသံသရာက ရယ်စရာတော့ အကောင်းသား၊ ဗကပကို အလဲထိုးလိုက်နိုင်သူအဖြစ် လက်မထောင်နေတဲ့
ဗိုလ်ခင်ညွန့်ကို အခုတော့ နာလန်ထ ‘ဗကပ’ က သူ့အတွက် ရှေ့နေလိုက်ပေးနေသူ ဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့်ကို
တရားရုံးမှာဗြောင်စစ်ဆေးပြီး သူ့ဘက်ကလဲချေပခွင့်ပြုရမယ်လို့ ဗကပက အစောဆုံးပြောခဲ့ပါတယ်။
ရှစ်လေးလုံးပြီးကာနီးမှာ တပ်မတော်ထဲက အင်အားတွေ စပြိုလာတာနဲ့ပါတ်သက်လို့ (ဗိုလ်ခင်ညွန့်က ထင်ပါရဲ့)
နောက်ပိုင်းမှာ ပြောတာတခုရှိ တယ်။ အဲဒါက ဗကပဟာ တပ်မတော်ကိုခေါင်းဖြတ်ပြီး ကိုယ်လုံးကိုယူချင်တယ်တဲ့။
တကယ်က တပ်မတော်ကိုခေါင်းဖြတ်ပြီးကိုယ်လုံးချည်း ယူသွားတာက ဗကပ မဟုတ်ပါဘူး၊ သူတို့
စစ်အုပ်စုအဆက်ဆက်ပါ။ သူတို့အချင်းချင်းခေါင်းပိုင်းတွေ ဖြုတ်ချပြီးတပ်မတော်ကို ခါးပိုက်ထဲထည့်ခဲ့ကြတာ
ဒီနေ့ဗိုလ်သန်းရွှေအထိပါပဲ။ ကျနော်တို့ကတော့ ဒီနေ့အခါမှာ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မျိုးညွန့်တု့ရ
ိဲ့
န၀တဂိုဏ်းဟောင်းနဲ့လဲ နအဖဆန့်ကျင်ရေးအတွက် နားလည်မှုရချင်ပါတယ်။
နိုင်ငံရေးသံသရာရဲ့ လှောင်ပြောင်ချက်ဆိုတဲ့အထဲမှာ ထည့်ပြောသင့်တာတခုက ဗိုလ်ခင်ညွန့်အမှတ်သယ်ခဲ့တဲ့
ငြိမ်းအဖွဲ့တွေကိစ္စပါ။ ဗိုလ်ခင်ညွန့်ဟာ သူ့ရဲ့တီထွင်ချက်ဆိုပြီး လက်မတထောင်ထောင်လုပ်၊ ကျန်တဲ့ န၀တ - နအဖ
ခဆတွေအပေါ် အသာစီးနေခဲ့ပါတယ်။ အခုသူ့ကို အရေးယူပြီဆိုတော့ ဒါကို ပုဒ်မတ ခုဖြစ်လာပါတယ်။
ထောက်လှမ်းရေးဟာ ကျနော်တို့ထဲက ခွဲထွက်တဲ့ ၀အဖွဲ့နဲ့စစ်အစိုးရလက်ကိုင် ကာကွယ်ရေးဝအဖွဲ့တို့ကို ပေါင်းပေးပြီး
UWSA လို့ ဖွဲ့ပေးခဲ့တယ်။ ဒါပေမဲ့ အခုထောက်လှမ်းရေးတွေ အဖမ်းခံရတော့ မူးယစ်ဆေးဝါးမှု၊ ရွှေချောင်းမှုတွေနဲ့
တရာစွဲခံနေကြရပါတယ်။ အခုနောက်ဆုံး အဖြစ်အပျက်လို့ဆိုရမယ့် ရှမ်း အဖွဲ့တွေထဲက
တချို့ကိုလုပ်ကြံဖန်တီးပေးထားတဲ့ လက်နက်ချပွဲတခုနဲ့ ပွဲထုတ်နေပါတယ်။ ဒီအထဲကနေ ဗိုလ်ခင်ညွန့်တို့ကို
ပုဒ်မတပ်စရာတွေ ပေါ်လာနိုင်စရာတွေ ရှိနိုင်ပါသေးတယ်။
ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေ အရာကျတော့ ဗကပထဲက BIA, BDA, PBF
တပ်မတော်သားဟောင်းကြီးများက ‘အတိတ်ကို အတိတ်မှာထား ခဲ့မည်’ ဗိုလ်ခင်ညွန့်နဲ့ရှိတဲ့အတိတ်ကိုလဲ
ထားခဲ့မယ်လို့ကြေညာပါတယ်။ ဗိုလ်ခင်ညွန့်သာ နအဖ စစ်အုပ်စုကိုဆန့်ကျင်ဖို့အတွက် ဘက်ပြောင်းရပ်ရင် နေရာပေး
သင့်တယ် ဆိုတဲ့သဘောမျိုးလဲ ကျနော်တို့ကပဲစပြီး အတိအလင်းပြောခဲ့တာပါ။
ကျနော်တို့မျိုးဆက်သစ် ဗကပကတော့ အတိတ်ကိုအတိတ်မှာပဲထားခဲ့ ‘ချင်’ သည်လို့ ပြောပါတယ်။
မျိုးဆက်ဟောင်းလိုဘ၀မျိုး ကျနော်တို့မှာ မရှိလို့ ပါ။ မျိုးဆက်ဟောင်းက တတပ်ထဲမှာအတူနေပြီး အင်္ဂလိပ်နဲ့ဂျပန်ကို
တိုက်ခဲ့ကြတာပါ။ ခဏလဲ မဟုတ်ပါဘူး။ ကြာပါတယ်။ မျိုးဆက်သစ်ကတော့ ဘက်တဘက်စီ နေပြီး
သူသေကိုယ်သေ တိုက်ကြတာပါ။ ဒါကြောင့် ‘ချင်’ ဆိုတာ ထည့်ထားပါတယ်။
အတိတ်ဆိုတာ မေ့ပစ်လို့မရပါဘူး။ သူကလဲ မမေ့နိုင်၊ ကိုယ်ကလဲ မမေ့နိုင်ပါဘူး။ မေ့ချင်ဟန်ဆောင်နေလို့လဲ ရတာမှ
မဟုတ်တာ။ အတိတ်ကို မပြော တမ်း လုပ်ထားဖို့ပါ။
ဒါကလဲ ပစ္စုပ္ပန်နဲ့အနာဂတ်ကို ချီတက်ရာမှာ အတိတ်ကိုကျောပိုးပြီး ချီတက်ရင်ခရီးမတွင်မှာစိုးလို့ပဲ ဖြစ်ပါတယ်။
ဒီနေ့လို ရှုပ်ထွေးလှတဲ့ နိုင်ငံတကာအခြေအနေအကြားမှာ မင်းတုန်းမင်းခေတ်ကလို နန်းလုပွဲကြောင့်
ကျွန်ဖြစ်ရတဲ့ကိန်းမဆိုက်အောင် ကျနော်တို့ သတိပေးနေ၊ အကြံပြုနေတာပါ။ ကျဆုံးသွားတဲ့သူတွေကို ကျနော်တို့
သစ္စာဖောက်တာ မဟုတ်ပါဘူး။
နောက် ထောက်ပြချင်တာတခုက ကျနော်တို့ ဗကပအထိနာပြီး ယူ/ဂျီပါတီ ဖြစ်တဲ့အချိန်မှာ NLD
ရွေးကောက်ပွဲနိုင်တာပါ။ ဒါပေမယ့် ဒီချုပ်ဟာ ရွေး ကောက်ပွဲသာနိုင်တာ တလျှောက်လုံး အမျိုးမျိုးအနိုင်ကျင့ခ
်ံနေရပြီး
တလျှောက်လုံးအောက်စည်းက နေနေရပါတယ်။ တကယ်လို့သာ ဗကပရဲ့ လက်နက်ကိုင် တိုက်ပွဲ ရှိနေရင်
ရွေးကောက်ပွဲနိုင် NLD ဒီလို အနိုင်ကျင့်ခံရမှာ မဟုတ်ပါဘူး။ အာဏာရစရာ အကြောင်းတောင်ရှိပါတယ်။
အနည်းဆုံးတော့ အခုလို အနိုင်ကျင့်မခံ ရမှာ သေချာပါတယ်။
နောက်တခန်းမှာ ဘယ်သူတွေက ဖြုတ်ချမလဲဆိုတာ တင်ပြပါမယ်။
ဘယ်သူတွေက ဖြုတ်ချမလဲ
လူထုအခြေအနေ
အတိတ်ကိုအတိတ်မှာထားခဲ့ပြီး
ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ပဲ လုပ်ကြပါစို့
အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲ
အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့
၊ရဲဘော်ဖိုးသံချောင်း၊